Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်စာသင်ကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်း  
DVB
·
October 12, 2023
DeMawSo_IDPsSchoolSupport_01_12102023
DeMawSo_IDPsSchoolSupport_02_12102023
DeMawSo_IDPsSchoolSupport_03_12102023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကန်သာယာ စစ်ရှောင်စာသင်ကျောင်းမှာ လိုအပ်နေတဲ့ သင်ထောက်ကူနဲ့ စာရေးကိရိယာတွေကို အောက်တိုဘာလ ၁၁ ရက်က သွားရောက်ကူညီ လှူဒါန်းပေးခဲ့တယ်လို့ Medit Unit ဆေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

စစ်ဘေးရှောင်စာသင်ကျောင်းက  ကျောင်းသားကျောင်းသူတွေ သင်ထောက်ကူပစ္စည်း လိုအပ်ချက်တွေကို အကူအညီတောင်းခံလာတာကြောင့် သွားရောက်လှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။  

"ကိုယ်ထူကိုယ်ထ ပညာရေးစနစ် စသင်နေတာက ၂ နှစ်ကျော်လာပြီ။ အကူညီတွေတောင်းခံလာလို သွားရောက်လှူဒါန်းခဲ့တာ။ ကလေးတွေကို စစ်အုပ်စုလို ပညာမတတ်တာ မဖြစ်စေချင်ဘူး။ မျိုးဆက်သစ်ကို ပညာတတ်စေချင်တယ်။ အနာဂတ် လှစေချင်တယ်။ ကလေးတွေမှာ ပညာမရှိလို့ မဖြစ်ဘူး။ အဓိက ပညာရေးက အရေးကြီးလို့ သွားလှူဖြစ်တယ်"လို့  ပြောပါတယ်။    

ကန်သာယာစာသင်ကျောင်းမှာ စစ်ဘေးရှောင် ကလေးငယ်ပေါင်း ၄၀ ကျော် ပညာသင်ကြားနေပြီး KG တန်းကနေ Grade 5 အထိ ဖွင့်လှစ်ထားကာ စစ်ရှောင် ဆရာမ ၇ ယောက်က သင်ကြားပေးနေပါတယ်။  

စာသင်ကျောင်းက ကလေးတွေအတွက် ဗလာစာအုပ်၊ ဘောပင်၊ ပေတံ၊ ခဲတံ၊ ခဲဖျက်၊​ ကော်ရက်ရှင်ပန် စတဲ့ သင်ထောက်ကူပစ္စည်းတွေအပြင် အာဟာရအနေနဲ့ ပဲနို့၊ မုန့်၊ ချိုချဥ်တွေကိုပါ ကူညီလှုဒါန်းပေးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်စာသင်ကျောင်းက ဆရာမတွေဟာ ပညာဒါနအနေနဲ့ သင်ကြားပေးနေတာဖြစ်ပြီး  လတ်တလောမှာလည်း  Grade 1နဲ့ Grade 3 အတွက် ဖတ်စာအုပ်လိုအပ်ချက်တွေရှိနေတဲ့အပြင် ကလေးငယ် အယောက် ၂၀ ကျော်ဟာ ရာသီတုပ်ကွေးဖြစ်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆရာမတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024