အာဖရိကန်နဲ့ လူမည်းနည်းပြကောင်းတွေ ပိုမိုများပြားလာဖို့ အိုင်ဗရီကို့စ် ကွင်းလယ်လူဟောင်း ယာယာ တိုရေးက ရည်မှန်းထားပါတယ်။
တိုရေးဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ယူကရိန်းနဲ့ ရုရှားမှာ နည်းပြအလုပ်တချို့ တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ စပါး ယူ-၁၆ နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
စပါးလူငယ်နည်းပြတာဝန်ကနေ ပြီးခဲ့တဲ့ဇွန်လက နုတ်ထွက်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံကလပ် စတန်းဒက်လီဂီ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေပါတယ်။
အာဖရိကန်နဲ့ လူမည်းနည်းပြတွေအနေနဲ့ နည်းပြပိုင်းမှာ ဝင်ရောက်တာဝန်ယူပြီး ကောင်းမွန်စွာ ကိုင်တွယ်နိုင်မလားဆိုတာ လူအများစုက မေးခွန်းထုတ်နေကြကြောင်း တိုရေးက ပြောပါတယ်။
“အာဖရိကန်နဲ့ လူမည်းနည်းပြတွေအနေနဲ့ အဲဒီအဖြေကို မကြာခင်မှာပဲ ဖြေကြားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဥရောပ ထိပ်တန်းလိဂ်တခုမှာ ကိုင်တွယ်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်ပြီး အခွင့်အရေးရှိလာခဲ့ရင် ကြိုးပမ်းသွားချင်ပါတယ်” လို့ ယာယာတိုရေးက ပြောပါတယ်။
တိုရေးရဲ့ အစ်ကိုဖြစ်သူ ကိုလိုတိုရေးကတော့ ချန်ပီယံရှစ်ကလပ် ဝီဂန်နည်းပြတာဝန် ယူခဲ့ဖူးပေမဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
Photo-Reuters