Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်တွင် လက်နက်ခဲယမ်းများ ဖမ်းဆီးမိ
DVB
·
October 10, 2023
MiZoRam_Bullets_10102023

အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်မှာ AK-47 ကျည်ဆန်နဲ့ ဖောက်ခွဲရေးပစ္စည်း‌တွေကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်တွင်းက လန်ဘန်ကျေးရွာမှာ တရားမဝင် လက်နက်ခဲယမ်း သယ်ယူ‌နေတယ်ဆိုတဲ့ သတင်းရထားတာကြောင့် ရဲတပ်ဖွဲ့တွေက စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆေးမှု ဆောင်ရွက်နေစဉ် အမည်မသိလူ ၂ ယောက်ကို စစ်ဆေးဖို့ ဆောင်ရွက်ချိန် အဲ့ဒီ အမျိုးသား ၂ ယောက်ဟာ မြန်မာဘက်ခြမ်း ကုလားတန်မြစ်ဘက်ကို ထွက်ပြေးသွားပြီး သူတို့ကျကျန်ခဲ့တဲ့ အိတ်အတွင်းကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကတော့ ဂျယ်လက်တင်အချောင်း ၁၀၀၊ ဒီတိုနေတာ အချောင်း ၁၀၀၊ AK-47 ကျည်ဆန် ၁၅၀၊ ဘက်ထရီအိုး ၁၀ လုံးနဲ့ ဝါယာကြိုး ၁၀ မီတာတို့ ဖြစ်တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ဖော်ပြထားပါတယ်။

အဆိုပါ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ရှာဟာရဲတပ်ဖွဲ့ကို အမှုဖွင့်အပ်နှံထားပြီး အဲ့ဒီအမှုနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို စုံစမ်း ရှာဖွေနေတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ-Mizoram Police

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024