Home
နိုင်ငံတကာ
ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၁ ဦး သေဆုံး
DVB
·
October 10, 2023
FILE PHOTO: U.S. President Joe Biden attends Mass at Holy Trinity Catholic Church in Washington

ပါလက်စတိုင်း ဟားမတ်စ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့်  အစ္စရေးနိုင်ငံမှာ သေဆုံးသွားခဲ့ရသူတွေထဲ အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၁ ဦး ပါဝင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၉ ရက်မှာ ပြောကြားပါတယ်။

ဒါ့အပြင် ဟားမတ်စ်အဖွဲ့ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေထဲမှာ အမေရိကန် နိုင်ငံသားတွေလည်း ပါဝင်နေဖွယ်ရှိတယ်လို့ ဝါရှင်တန်က ယုံကြည်ကြောင်းလည်း သမ္မတ ဘိုင်ဒင်က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အမေရိကန်ဟာ စာရင်းမသွင်းရသေးတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး နောက်ထပ်အချက်အလက်တွေရရှိဖို့ အစ္စရေးအရာရှိတွေနဲ့ လုပ်ဆောင်နေတယ်လို့လည်း ဘိုင်ဒင်က ဆိုပါတယ်။ 

အမေရိကန်သမ္မတက“လက်ရှိ အစ္စရေးနိုင်ငံမှာ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသားတွေအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ကောင်စစ်ဝန်အကူအညီအပြင် လုံခြုံရေးသတိပေးချက်တွေလည်း ပေးနေပါတယ်။ အစ္စရေးကနေ ထွက်ခွာလိုသူတွေအတွက် စီးပွားဖြစ်လေယာဉ်တွေနဲ့ မြေပြင်ရွေးချယ်စရာတွေ ရှိနေတုန်းပါပဲ။ လာမယ့်ရက်တွေမှာလည်း သတိရှိရှိနဲ့ ကြိုတင်သတိထားကြဖို့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လမ်းညွှန်မှုကို လိုက်နာပါ” လို့လည်း ညွှန်ကြားထားပါတယ်။

ဓားစာခံအခြေအနေအရပ်ရပ်မှာ ထောက်လှမ်းရေးသတင်းအချက်အလက် မျှဝေခြင်းနဲ့ အမေရိကန်အစိုးရက ကျွမ်းကျင်သူတွေကို တပ်ချဖြန့်ကြက်ခြင်း အပါအဝင် အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သူ့ရဲ့အဖွဲ့ကို ညွှန်ကြားထားကြောင်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024