အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အောက်တိုဘာ ၈ ရက်က ကျင်းပတဲ့ အမျိုးသားမာရသွန် ပြိုင်ပွဲမှာ ကင်ညာနိုင်ငံသား ကယ်လ်ဗင်ကစ်ပ်တွန်က ၂ နာရီ ၃၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန် ချိုးဖျက်နိုင်ခဲ့ပါတယ်။
ဒါဟာ တနိုင်ငံတည်းသားဖြစ်တဲ့ အယ်လ်လီးရက် ကစ်ပ်ချိုဂေရဲ့ အရင်စံချိန်ထက် ၃၀ စက္ကန့်ကျော် လျော့နည်းခဲ့တာပါ။
ဒီနှစ်ထဲမှာပဲ ကစ်ပ်တွန်က လန်ဒန်မာရသွန်ပြိုင်ပွဲ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် ချီကာဂိုပြိုင်ပွဲမှာပါ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကြီးရဲ့ ၃၅ ကီလိုမီတာ အရောက်မှာတော့ ကစ်ပ်တွန်အနေနဲ့ အရှိန်မြှင့်လာခဲ့ပြီး လက်သီးလက်မောင်းတန်းရင်း ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ပန်းဝင်သွားခဲ့ပါတယ်။
အိုလံပစ်ချန်ပီယံ ၂ ဆုရှင် ကင်ညာနိုင်ငံသား ကစ်ပ်ချိုဂေရဲ့ အရင်စံချိန်ဖြစ်တဲ့ ၂ နာရီ ၁ မိနစ် ၉ စက္ကန့်အပေါ် ကစ်ပ်တွန်အနေနဲ့ ကျော်လွန်နိုင်ဖို့အတွက် မရည်ရွယ်ခဲ့ပေမဲ့ သမိုင်းမှတ်တိုင်တခု စိုက်ထူနိုင်လိမ့်မယ်လို့တော့ သူသိနေခဲ့ကြောင်း ဆိုပါတယ်။
ဒါ့အပြင် ကစ်ပ်တွန်ဟာ ဒုတိယနေရာက ပြိုင်ပွဲဝင်ထက် ၃ မိနစ်နဲ့ ၂၇ စက္ကန့်အထိ အချိန်စောပြီး ပန်းဝင်ခဲ့တာကြောင့် တနိုင်ငံတည်းသား ဘန်ဆန်ကီပရူတိုအနေနဲ့ ဒုတိယဆုရရှိကာ ဘယ်လ်ဂျီယံနိုင်ငံသား ဘတ်ရှီးအပ်ဘဒီကတော့ ၂ နာရီ ၄ မိနစ် ၃၂ စက္ကန့်အတူ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
Source/Photo-Reuters