ခုအချိန်ဟာ နိုင်ငံတကာ ကြိုးဝိုင်းထဲကနေ နုတ်ထွက်ရမယ့် အချိန်မဟုတ်သေးဘူးလို့ ယူကရိန်း သမ္မတ ဇလန်းစကီးက နေတိုး မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ရဲ့ ညီလာခံမှာ အောက်တိုဘာ ၉ ရက်က ပြောလိုက်ပါတယ်။
ကမ္ဘာ့ဖြစ်ရပ်တွေကို ရင်ဆိုင်ရာမှာ အနောက်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကိုလည်း ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။
“ဒီအချိန်ဟာ နိုင်ငံတကာနယ်ပယ်ကနေ ပြည်တွင်းအငြင်းပွားမှု နယ်ပယ်အထိ နုတ်ထွက်ရမယ့် အချိန် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သီးခြားခွဲထုတ်ရမယ့်အချိန် မဟုတ်ပါဘူး။ ဒီအချိန်ဟာ ဆိတ်ဆိတ်နေဖို့ ဒါ မှမဟုတ် တိုက်ကြီးတခုပေါ်က အကြမ်းဖက်မှုက ကမ္ဘာ့အရေးကို မထိခိုက် စေသလို ဟန်ဆောင်ရမယ့် အချိန် မဟုတ်ပါဘူး"လို့ ဇလန်းစကီးက ဗီဒီယိုလင့်ခ်ကနေ တဆင့် ပြောခဲ့ပါတယ်။
Source/Photo-Reuters