Home
မြန်မာသတင်း
တိုက်ကြီး EPC ရုံးတွင် ဝါယာရှော့ဖြစ်ပြီး ဝန်ထမ်း ၂ ဦး မီးလောင်ဒဏ်ရာရ
DVB
·
October 9, 2023
EPC_09102023

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက် ရန်ကုန်-ပြည် ကားလမ်းမပေါ်မှာရှိတဲ့ တိုက်ကြီးမြို့နယ် လျှပ်စစ်ရုံးမှာ အောက်တိုဘာ ၉ ရက် ဒီနေ့မနက် ၁၁ နာရီခွဲက ဝါယာရှော့ဖြစ်ပြီး ဝန်ထမ်းနှစ်ဦး မီးလောင်ကာ ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တိုက်ကြီးမြို့နယ်လျှပ်စစ်ရုံးမှာ ဒီနေ့မနက် ၁၁ နာရီခွဲက ရုတ်တရက် မီးပြန်လာစဥ် ဝါယာရှော့ဖြစ်ရာက မီးပွားတွေလွင့်စင်ပြီး ဒဏ်ရာရရှိတဲ့အတွက် ဆေးရုံကိုပို့ခဲ့ရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ကြီး EPC ရုံးက ဝန်ထမ်း ၂ ယောက် မီးလောင်ဒဏ်ရာတွေရလို့ တိုက်ကြီးဆေးရုံကို ပို့လိုက်ရတယ်။ အခြေအနေတော့ မသိဘူး။”

ရပ်ကွက်တွေ အလှည့်ကျမီးပေးဖို့ မီးလွှတ်စဥ် ဝါယာရှော့ဖြစ်ကာ မီးပွားများထွက်ပြီး ပြင်ထိန်းဌာနမှ ဦးတင်အောင်မျိုးနဲ့ နေ့စားဝန်ထမ်း ဦးစိုးသီဟတို့နှစ်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ကြီးဆေးရုံကနေ အင်းစိန်ဆေးရုံကို ပြောင်းပြီး ပို့ထားတယ်။ တယောက်က ဒဏ်ရာများတယ်၊ ခြေထောက်တွေရော လက်တွေရော၊ နေ့စားဝန်ထမ်းကောင်လေးက သိပ်မစိုးရိမ်ရဘူး။”

လတ်တလောမှာ မီးလောင်ဒဏ်ရာရသူနှစ်ဦးကို အင်းစိန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ လျှပ်စစ်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း လှိုင်သာယာအရှေ့ပိုင်း၊ ကျောက်တံတားမြို့နယ် တွေမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်မှုကြောင့် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024