ကွိုက်နု လို့ နာမည်ပေးထားတဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန်တွေကြောင့် ဟောင်ကောင်မှာ မိုးသက်လေပြင်းတွေကျနေပြီး ကုန်သွယ်ရေးစင်တာကို အောက်တိုဘာ ၉ ရက်က ပိတ်ထားရပါတယ်။
သမိုင်းမှာ တတိယ လေတိုက်နှုန်းအပြင်းဆုံး မုန်တိုင်းအဖြစ် ထိုင်ဝမ်ကို ဝင်ခဲ့တဲ့ ကွိုက်နု တိုင်ဖွန်းမုန်တိုင်းဟာ ဟောင်ကောင်ကို ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်းအဖြစ် ကုန်းတွင်း ဝင်ရောက်ခဲ့တာပါ။
ဒါပေမဲ့ မိုးသက်လေပြင်းတွေ ပြင်းထန်နေဆဲဖြစ်လို့ တမြို့လုံးနီးပါး ပိတ်ထားရပါတယ်။ ခုတော့ မုန်တိုင်းဟာ တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ် အနောက်ဘက် ကမ်းရိုးတန်းကို တနာရီ ၆ မိုင်နှုန်း အလျင်နဲ့ ဖြတ်ကျော် ရွေ့လျားနေပါတယ်။
လေပြင်းတွေ လျော့သွားမယ်လို့ မျှော်လင့်ရတဲ့ မွန်းလွဲပိုင်းမှာ ဟောင်ကောင် စတော့အိတ်ချိန်း စျေးကွက်ကို ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။
မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ်နဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောတွေ အနှောင့်အယှက်ဖြစ်ခဲ့လို့ မြေအောက်ရထားဘူတာရုံတွေနဲ့ ဟောင်ကောင်လေဆိပ်မှာတော့ ရာချီတဲ့ ခရီးသည်တွေ သောင်တင်နေတာပါ။
လေဆိပ်နဲ့ ဟောင်ကောင် စီးပွားရေးအချက်အချာ ခရိုင်ကို ချိတ်ဆက်ထားတဲ့ အမြန်ရထား ပြေးဆွဲမှုကို ရပ်ထားရပြီး မြေအောက်ဘူတာ တချို့မှာလည်း ဝန်ဆောင်မှု ဆိုင်းငံ့ထားရပါတယ်။
တနင်္လာ မနက်ပိုင်းမှာ ဝန်ဆောင်မှုတချို့ ပြန်စပြီလို့ ရထားလုပ်ငန်းလည်ပတ်သူ MTR က ပြောခဲ့ပါတယ်။
Source/Photo-Reuters