၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၃ ရက်ကနေ အောက်တိုဘာ ၈ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ပြီး မနေ့ညက ပိတ်ပွဲအခမ်းအနားကို ဟန်ကျိုးအိုလံပစ်အားကစားကွင်းကြီးမှာ ကျင်းပသွားခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင် တရုတ်နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခု၊ ကြေးတံဆိပ် ၇၁၊ စုစုပေါင်း ဆုတံဆိပ် ၃၈၃ ခုနဲ့ နိုင်ငံအလိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံက ရွှေတံဆိပ် ၅၂ ခု၊ ငွေတံဆိပ် ၆၇ ခု၊ ကြေးတံဆိပ် ၆၉ ခုနဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တတိယနေရမှာတော့ တောင်ကိုရီးယားနိုင်ငံက ရွှေတံဆိပ် ၄၂ ခု၊ ငွေတံဆိပ် ၅၉ ခု၊ ကြေးတံဆိပ် ၈၉ ခုနဲ့ ရပ်တည်ခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲအပြီး ထိပ်ဆုံး ၁၀ နိုင်ငံနေရာမှာ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဥဇဘက်ကစ္စတန်၊ တရုတ်တိုင်ပေ၊ အီရန်၊ ထိုင်း၊ ဘာရိန်း၊ မြောက်ကိုရီးယားတို့ အစဉ်အတိုင်း ရပ်တည်နိုင်ခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁ ခုနဲ့ ကြေးတံဆိပ် ၂ ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Photo - Reuters