စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေးဟာ အောက်တိုဘာ ၇ ရက်မှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အတိုင်းအတာ အထိ ကျဆင်းသွားတယ်လို့ တရားဝင်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါဟာ အိမ်နီးချင်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ တော မီးရှို့မှု မြင့်တက်လာတဲ့အတွက် ဒီမြို့ပြနိုင်ငံ အတွင်း မြူခိုးတွေနဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် နေ့လည် ၂ နာရီတုန်းက စင်ကာပူအရှေ့ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ၂၄ နာရီတာ လေထုညစ်ညမ်းမှု စံညွှန်းကိန်းပမာဏ ၁၀၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲ့ဒီပမဏက အချိန်ကြာရှည်ပြီး အားသွန်ခွန်စိုက်လုပ်ရတဲ့ ပြင်ပလှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့ အကြံပြုထားတဲ့ အဆင့် တခုပါ။
ဒီလို နယ်နိမိတ်ဖြတ်ကျော် မြူခိုးဖုံးလွှမ်းမှုတွေက အရှေ့တောင် အာရှဒေသမှာ အမြဲပေါ်ပေါက် နေကျ ပြသနာ တရပ်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အင်ဒိုနီးရှားနိုင်ငံရဲ့ တောင်ယာမီးရှို့ရှင်းလင်းမှု ရိုးရာ အစဉ်အလာကြောင့် ဒါကိုဖြေရှင်းနိုင်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ မှတ်တမ်းတင်ထားသမျှ အဆိုးရွားဆုံးသော မြူခိုးဖုံးလွှမ်းမှု အခြေအနေ ဟာ ၂၀၁၅ စက်တင်ဘာလမှာ ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီအချိန်တုန်းက ၂၄ နာရီတာ ညွှန်းကိန်းအတွင်း အန္တရာယ်များတဲ့ အဆင့် တခုဖြစ်တဲ့ ၃၀၀ အထိ ကျော်လွန်ခဲ့တာကြောင့် စာသင်ကျောင်းတွေကိုပါ ပိတ်ထားခဲ့ရပါတယ်။
Source/Photo-Reuters