အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်မှာ ရုတ်တရက် ရေကြီးလို့ မိသားစု ၂၂၀၀ကျော် ထိခိုက်ခဲ့တယ် လို့ ပြည်နယ်ဝန်ကြီးချုပ် ပရမ်ဆင်း တာမန်က အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
ကယ်ဆယ်ရေးစခန်းတွေထဲမှာ မိသားစု ၃၈၀၀ ကျော် ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ခုသီတင်းပတ်အတွင်း ရေခဲမြစ် ပေါ်က ကန်တွေကနေ ကမ်းပါးပြိုကျလို့ ရုတ်တရက် ရေကြီးပြီးတဲ့ နောက် လူ ၄၄ ဦး သေဆုံးတာပါ။
တောင်ထူထပ်တဲ့ ဆစ်ကင်မ်ပြည်နယ်မှာ တိမ်ထူထပ်နေပြီး မိုးသည်းသည်းထန်ထန် ရွာချခဲ့တဲ့ အတွက် နှင်းထု ပြိုကျခဲ့လို့ အောက်တိုဘာ ၄ ရက်က လိုနက်ခ် ရေကန် ရေလျှံခဲ့ပါတယ်။ အဲဒီနောက် တီးစ်တာမြစ်မှာ ကြီးကြီးမားမား ရေကြီးခဲ့တာပါ။
လမ်းတံတားတွေ ရေနဲ့အတူ မျောပါသွားပြီး တဲ့နောက် ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ လောင်စာဆီ ပြတ်လပ်နေပါတယ်။
တရုတ်၊ နီပေါနဲ့ ဘူတန်နိုင်ငံတို့ကြားက သပ်ရပ်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ကြီးစိုးရာ ပြည်နယ် ဆစ်ကင်းမှာ လူပေါင်း ၆ သိန်းခွဲလောက် နေထိုင်ပါတယ်။
Source/Photo-Reuters