တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ အာရှအားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အောက်တိုဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ တောင်ကိုရီးယားယူ-၂၄ အသင်းက ဂျပန်ယူ-၂၄ အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ ပွဲအစ ၁ မိနစ်ထဲက ဂျပန်အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမဲ့ ပွဲချိန် ၂၆ မိနစ်နဲ့ ၅၆ မိနစ်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ယူနိုင်ခဲ့တာကြောင့် ၃ ကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
တတိယကြေးတံဆိပ်လုပွဲမှာ ဥဇဘတ်ကစ္စတန် ယူ-၂၄ အသင်းက ဟောင်ကောင်ယူ-၂၄ အသင်းကို ၄ ဂိုး ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။
တောင်ကိုရီးယားယူ-၂၄ အသင်းဟာ ၃ ကြိမ်ဆက် ဗိုလ်စွဲခဲ့သလို ပြိုင်ပွဲတလျောက်အများဆုံးအဖြစ်လည်း ၆ ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။
အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဂျပန်အမျိုးသမီးအသင်းက မြောက်ကိုရီးယား အမျိုးသမီး အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
Photo.South Korea Football Federation