ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပထမဆုံး ၁၀ ပွဲမှာ စီရော်နယ်ဒိုရဲ့ သွင်းဂိုးပါဝင်ပတ်သက်မှု စံချိန်ကို ကွင်းလယ်လူ ဘယ်လင်ဂမ်က ချိုးဖျက်နိုင်ခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ မနေ့ညက ကစားခဲ့တဲ့ အူဆာဆူနာနဲ့ ပွဲစဉ်မှာ နှစ်ဂိုးထပ်သွင်းခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ပထမဆုံး ၁၀ ပွဲမှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက စီရော်နယ်ဒိုဟာလည်း ရီးရဲလ်မက်ဒရစ်နဲ့ ပထမဦးဆုံး ၁၀ ပွဲမှာ ၁၀ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ကာ စံချိန်တစ်ခုတင်ခဲ့တာပါ။
စီရော်နယ်ဒိုဟာ ရီးရဲလ်နဲ့ ပထမဆုံး ၁၀ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဘယ်လင်ဂမ်က ဂိုးပါဝင်ပတ်သက်မှု ၁၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာပါ။
ဘယ်လင်ဂမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒေါ့မွန်မှာရှိစဉ်ကထက် တိုက်စစ်လိုက်ပါကစားမှု ပိုများခဲ့ပြီး ရော်နယ်ဒိုရဲ့ အဖွင့်ပွဲစဉ် ၁၀ ပွဲက ဂိုးပါဝင် ပတ်သက်မှုစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
Photo-Reuters