၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၄ နိုင်ငံမှာ ရေကြီးမှုနဲ့ မုန်တိုင်းတွေ အပါအဝင် ရာသီဥတု ဆိုင်ရာ ကပ်ဘေးတွေကြောင့် ကလေး ၄၃ ဒသမ ၁ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း UNICEF က အောက်တိုဘာ ၆ ရက်မှာ ပြောကြားခဲ့ပြီး ဒီလိုမိုးလေဝသဖြစ်စဉ်တွေကြောင့် နောက်နှစ်တွေမှာ လည်း သန်းနဲ့ချီတဲ့ နေရာရွှေ့ပြောင်းမှုတွေ ရှိလာလိမ့်ဦးမယ်လို့လည်း ဆိုပါတယ်။
တရုတ်နဲ့ဖိလစ်ပိုင်တို့ဟာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေနဲ့ ထိတွေ့ရမှုတွေ၊ ကလေးဦးရေ များပြားမှုနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရခြင်းတွေကြောင့် ကလေးရွှေ့ပြောင်းခံရမှု အများဆုံး နိုင်ငံတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
တောင်အာရှဒေသပြီးရင် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတို့ဟာ အန္တရာယ်မျိုးစုံ အကြောင်းပေါင်းစုံ ကြောင့် ရာသီဥတုနဲ့ ဆက်နွှယ်နေတဲ့ ကလေးတွေကို နေရာရွှေ့ပြောင်းမှု အများဆုံးအဖြစ် UNICEF က မှတ်တမ်းတင်ခဲ့ပါတယ်။
ပူပြင်းလွန်းတဲ့ အပူချိန်ကနေ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းအထိ ရာသီဥတု ဖောက်ပြန်မှုကြောင့် လွန်ကဲတဲ့ ရာသီဥတုဖြစ်ရပ်တွေဟာ မကြာသေးခင်နှစ်တွေအတွင်း ပိုအဖြစ်များလာပါတယ်။
ရွှေ့ပြောင်းအခြေချမှုနဲ့ နေရာရွှေ့ပြောင်းမှုဆိုင်ရာ UNICEF ကမ္ဘာ့ခေါင်းဆောင် ဗယ်ရီနာ နောက်စ် က အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ၆ နှစ်တာကာလအတွင်း ရေကြီးမှုနဲ့ မုန်တိုင်းတွေကြောင့် ၉၅ ရာခိုင်နှုန်းသော ကလေးတွေ နေရာရွှေ့ပြောင်းမှုတွေကို မှတ်တမ်းတင်ထားကြောင်း ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောပါတယ်။
နောက် နှစ်ပေါင်း ၃၀ အတွင်း မြစ်ရေကြီးမှုကြောင့် ကလေး ၉၆ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်တယ် လို့လည်း ဆိုပါတယ်။
Source/Photo-Reuters