မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အမျိုးသမီး ၁ ယောက်ကို အမျိုးသား ၃ ယောက်က အောက်တိုဘာ ၅ ရက်နေ့မှာ သေနတ်နဲ့ ခြိမ်းခြောက် ငွေလုယက်ခဲ့ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ရေးမြို့နယ်၊ လိပ်ပုတ်ကျေးရွာမှာ နေထိုင်တဲ့ မငယ်ဟာ ရေးမြို့မှာရှိတဲ့ သူ့ရဲ့ ဆွေမျိုးတယောက်ဆီကနေ မနက်ပိုင်းမှာ ငွေ ၁၀ သိန်းချေးပြီး ရွာကို ဆိုင်ကယ်နဲ့ ပြန်လာနေတုန်း ကွင်းရှည်ကျေးရွာနဲ့ ကျောက်မိချောင်း ကျေးရွာကြား သစ်သားစက်ရုံ တခုအနီးနားမှာ လုယက်ခံခဲ့ရတာလို့ ဒေသခံတယောက်က ပြောပါတယ်။
သေနတ်အရှည် တလက်နဲ့ သေနတ်အတို ၂ လက် အသီးသီးကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ယောက်က ဆိုင်ကယ်ရပ်ခိုင်းပြီး ဆိုင်ကယ်ဘောက်ထဲက ငွေတွေကို လုယူသွားခဲ့တာဖြစ်ပါတယ်။
စက်တင်ဘာ ၁၉ ရက်ကလည်း ရေးမြို့နယ်၊ ရေး-အစင်သွား ကားလမ်း ရထားသံလမ်းနားနေရာမှာ ချေးငွေကုမ္ပဏီဆီကို ငွေသွင်းဖို့ ဆိုင်ကယ်သွားနေတဲ့ အမျိုးသမီးတယောက်ဟာ ဆိုင်ကယ်တွန်းလှဲ ငွေ ၁၀ သိန်းကျော်လုယက်ခံခဲ့ရပြီး အခုထိ ဖမ်းဆီးမမိသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ မွန်ပြည်နယ်ထဲမှာ ခိုးဆိုးလုယက်မှုတွေ တနေ့တခြား ပိုဖြစ်လာနေခဲ့ပါတယ်။