ပိုလန်နိုင်ငံဟာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံပေးဖို့နဲ့ လက်မခံဘဲ ပူးပေါင်းဆောင်ရွက်ဖို့ငြင်းဆန်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို အပြစ်ပေးမယ်ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ အစီအစဉ်ကို ပယ်ချကြောင်း အောက်တိုဘာ ၆ ရက်မှာ ပိုလန်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။
ပိုလန်နိုင်ငံရဲ့ လုံခြုံရေးအတွက် ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံဖို့ကို ငြင်းဆိုတာဖြစ်ကြောင်း ဝန်ကြီးချုပ် မာတေးယို မိုရာဝစ်စ်ကီးက စပိန်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ရောက်ရှိနေချိန်မှာ ပြောသွားတာပါ။
ပိုလန်ဟာ ရုရှားကျူးကျော်မှုကနေ ထွက်ပြေးလာတဲ့ ယူကရိန်း သန်းပေါင်းများစွာကို ခိုလှုံခွင့် ပေးထားပေမဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ ရောက်ရှိလာသူ အသစ်တွေကို လက်ခံဖို့တော့ ဝါဆောက ငြင်းဆိုထားပါတယ်။
မြေထဲပင်လယ်ကို လှေငယ်လေးတွေနဲ့ ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအခြေချသူတွေကို လက်ခံနေတဲ့ အီတလီလိုမျိုးနိုင်ငံတွေဟာ ခိုလှုံခွင့်လုပ်ငန်းစဉ်တွေကို အရှိန်မြှင့်ပြီး ကူညီဖို့ အီးယူက မိတ်ဖက်တွေဆီကနေ မြန်မြန်ဆန်ဆန် အကူအညီတောင်းခံနိုင်ကြောင်း အီးယူအဖွဲ့ဝင် နိုင်ငံတွေ အောက်တိုဘာ ၄ ရက်က သဘောတူညီမှု ရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံက အခုခါ ဥရောပပါလီမန်နဲ့ ထပ်မံညှိနှိုင်းရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters