မန်ယူနိုက်တက် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ဂိုးပေါက်ပျောက်ဆုံးနေမှုဟာ မကြာခင်မှာ အဆင်ပြေသွားမှာဖြစ်ကြောင်း နည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မနှစ်က သွင်းဂိုး ၃၀ ရရှိခဲ့ပေမဲ့ လက်ရှိဘောလုံးရာသီ အစမှာတော့ သွင်းဂိုးတစ်ဂိုးသာ ရရှိထားတာပါ။
ရက်ရှ်ဖို့ဒ်ရဲ့ အရည်အသွေးကို အသင်းရှိကစားသမားတိုင်းက ယုံကြည်မှုရှိပြီး လက်ရှိအချိန်မှာ ရုန်းကန်နေရပေမဲ့ မကြာခင်မှာ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
“တိုက်စစ်မှူးတွေဟာ အချိန်တစ်ခုအတွင်းမှာ ဂိုးမသွင်းနိုင်ကြတဲ့အခါ အရင်ဆုံးသွင်းဂိုးတစ်ဂိုးလောက် လိုပါတယ်။ အဲဒါပြီးရင်တော့ သူတို့ကျော်ဖြတ်သွားနိုင်လိမ့်မယ်။ မားကပ်ရက်ရှ်ဖို့ဒ်က အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးဖြစ်လို့ နည်းမှန်လမ်းမှန်းအတိုင်းသာ ဆက်သွားရင် ဂိုးရလာပါလိမ့်မယ်။ အရှိန်ရလာတာနဲ့အမျှ သူ့ဆီက ဂိုးတွေပြန်ရမှာပါ” လို့ နည်းပြ တန်ဟတ်ဂ်ကပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ စက်တင်ဘာ ၄ ရက်က အာဆင်နယ်နဲ့ပွဲမှာ ဂိုးသွင်းပြီး နောက် ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတာ ဖြစ်ပါတယ်။
Photo-Reuters