မန်စီးတီးနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆာကာပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရ မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
ဆာကာဟာ ကြားရက်မှာကစားခဲ့တဲ့ လန်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သား ဒဏ်ရာကြောင့် ပထမပိုင်းမှာပဲ လူစားလဲခဲ့ရတာပါ။
မန်စီးတီးနဲ့ပွဲစဉ်မှာပါဝင်နိုင်ဖို့ဆိုရင် ဒဏ်ရာအခြေအနေတိုးတက်ကောင်းမွန်လာဖို့လိုအပ်ပြီး တနင်္ဂနွေနေ့အထိ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ဆာကာဟာ ဒဏ်ရာရရှိထားပေမဲ့ လာမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ အင်္ဂလန်လက်ရွေးစင် အသင်းမှာရွေး ချယ်ခံထားရပါတယ်။
မန်စီးတီးနဲ့ပွဲစဉ်မှာ အခုနှစ်ရာသီကို အဆုံးအဖြတ်ပေးမဲ့ ပွဲစဉ်မဟုတ်ပေမဲ့ အနိုင်ရရှိတဲ့အသင်းက စိတ်ပိုင်းဆိုင်ရာယုံကြည်မှုတွေ ရရှိသွားမှာဖြစ်ကြောင်း အာတီတာက ပြောပါတယ်။
Photo-Reuters