တိုင်ဖွန်းမုန်တိုင်း ကွိုက်နုဟာ အောက်တိုဘာ ၆ ရက်နေ့မှာတော့ ထိုင်ဝမ်ဒေသကနေ ထွက်ခွာသွားပြီး တရုတ်နိုင်ငံရဲ့ ကမ်းရိုးတန်းပြည်နယ် ကွမ်တုန်းကို ဦးတည်သွားနေပါတယ်။
သောကြာနေ့ ၉ နာရီအချိန်ထိ တိုင်ဖွန်း ကွိုက်နုကြောင့် ထိုင်ဝမ်မှာ လူတဦး သေဆုံးထားပြီး ၃၅၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
စုစုပေါင်း အိမ်ထောင်စု ၃၆၀,၀၀၀ လောက် ဓာတ်အားပြတ်တောက်ခဲ့ပြီး ဓာတ်အားပြန်လည်ရရှိရေးအတွက် ဆက်လုပ်ဆောင်နေကြပါတယ်။
တိုင်ဖွန်း ကွိုက်နုရဲ့ မုန်တိုင်းစက်ဝိုင်းဟာ သောကြာနေ့ မနက်ပိုင်းက ထိုင်ဝမ်ကျွန်းကနေ ထွက်ခွာခဲ့ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းဟာ တနာရီကို ကီလိုမီတာ ၁၀၀ နှုန်းနဲ့ အနောက်ဘက်ကို ရွေ့လျားသွားမှာဖြစ်ပြီး စနေနေ့ဝန်းကျင်မှာ ကွမ်တုန်း အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းသွားမှာဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။
ကွမ်တုန်းပြည်နယ် ရှန်တုန်းမြို့ နာနောင်ကျွန်းရှိ ယူနောင်း ဗဟိုဆိပ်ခံတံတားဟာ သဘာဝဆိပ်ကမ်းတခု ဖြစ်ပါတယ်။ ဆည် ၃ ခုရဲ့ အကူအညီနဲ့ လေဒဏ်လှိုင်းဒဏ်ကို သိသိသာသာ ကြားခံနိုင်ပါတယ်။
နာနောင်ကျွန်းရှိ ငါးဖမ်းလှေအများစုဟာ တိုင်ဖွန်းမုန်တိုင်းဒဏ်မှ ခိုလှုံဖို့ ဆိပ်ခံကို ပြန်သွားကြမှာ ဖြစ်ပါတယ်။
လက်ရှိ ငါးဖမ်းလှေ ၈၈၀ လောက် ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း နီးကပ်လာတာနဲ့အမျှ သက်ဆိုင်ရာ လုပ်သားတွေဟာ ငါးဖမ်းလှေတွေကို တောင့်တင်းခိုင်မာအောင်လုပ်ပြီး ကျောက်ချရပ်နားနေကြပါတယ်။
နာမည်ကျော် ခရီးသွားနေရာတခုဖြစ်တဲ့ နာနောင်ကျွန်းဟာ အမျိုးသားနေ့ အားလပ်ရက်အတွင်း ခရီးသွားအများအပြား ရောက်ရှိနေကြတာပါ။
တိုင်ဖွန်းမုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် ရှန်တုန်းကမ်းခြေနဲ့ပတ်သက်တဲ့ နာမည်ကြီး ခရီးသွားနေရာတွေအားလုံးကို ဗုဒ္ဓဟူးနေ့ ၁၈ နာရီမှာ ပိတ်ထားခဲ့ပါတယ်။
Source/Photo-Reuters