Home
အားကစား
အာရှအားကစား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်း ကြေးတံဆိပ်ဆုရရှိ
DVB
·
October 6, 2023
Sports_Myanmar Men Drgon boat team_06102023

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ ကျင်းပနေတဲ့ အာရှအားကစား မီတာ ၁၀၀၀ နဂါးလှေလှော်ပြိုင်ပွဲကို အောက်တိုဘာ ၆ ရက် ဒီနေ့မှာ ကျင်းပခဲ့ပြီး မြန်မာအမျိုးသား လှေလှော်အသင်းက ကြေးတံဆိပ်ဆု ရရှိခဲ့ပါတယ်။

နဂါးလှေလှော် မီတာ ၁၀၀၀ ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမလူရွေးပွဲမှာ ၄ မိနစ် ၃၁ ဒသမ ၈ စက္ကန့်နဲ့ ဒုတိယနေရာမှ ပန်းဝင်ခဲ့တာကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ၄ မိနစ် ၃၂ ဒသမ ၄၂ စက္ကန့်နဲ့ တတိယနေရာမှ ပန်းဝင်ခဲ့တာကြောင့် ကြေးတံဆိပ်ဆု ရရှိခဲ့ပြီး အင်ဒိုနီးရှားနဲ့ အိမ်ရှင်တရုတ်တို့က ရွှေတံဆိပ်ဆုနဲ့ ငွေတံဆိပ်ဆုတို့ကို ရရှိခဲ့ပါတယ်။

အမျိုးသမီး နဂါးလှေလှော် မီတာ ၁၀၀၀ ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှ ပန်းဝင်ခဲ့တာကြောင့် ဆုတံဆိပ်နဲ့ လွဲချော်ခဲ့ပါတယ်။

အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ လက်ရှိအချိန်ထိ အားကစား ၇ နည်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၂ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၂၇ နေရာမှာ ရပ်တည်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024