ဘီလီအိုင်းလစ်ရှ်ရဲ့ အနုပညာဖြတ်သန်းမှုနဲ့ ပတ်သက်ပြီး အရောင်အသွေးစုံလင်တဲ့ ရုပ်ပြစာအုပ်အသစ်တခု ထုတ်ဝေသွားမယ်လို့ တိုင်ဒယ်ဝေ့ဗ် ထုတ်လုပ်ရေးက အတည်ပြုပါတယ်။
“Female Force” ဆိုတဲ့ ကာတွန်းစီးရီးမှာ ဒီနာမည်ကျော်ပေါ့ပ်စတားကို ထုတ်ဝေသူက ထည့်သွင်းဖော်ပြမှာဖြစ်ပြီး စာမျက်နှာ ၂၂ မျက်နှာအထိ ပါဝင်မယ်လို့ သိရပါတယ်။
အဲ့ဒီစီးရီးဟာ “သြဇာလွှမ်းမိုးနိုင်စွမ်းရှိပြီး ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေ၊ စီးပွားရေး စီမံခန့်ခွဲသူတွေ၊ ဖျော်ဖြေသူတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ” အပေါ် ဂုဏ်ပြုမှုလည်း ဖြစ်ပါတယ်။
ဒီကာတွန်းစာအုပ်အသစ်ထဲမှာတော့ အိုင်းလစ်ရှ်ရဲ့ ငယ်ရွယ်တဲ့ အကသမားဘဝကနေ အော်စကာဆုရ တေးရေးဖြစ်လာခဲ့တဲ့ ဘဝဇာတ်ကြောင်းကို အကျဉ်းချုပ် ဖော်ပြသွားတာပါ။
ဒါ့အပြင် အိုင်းလစ်ရှ်ရဲ့ အကမှ ဂီတကို ကူးပြောင်းမှု အပါအဝင် အစ်ကိုဖြစ်သူ ဖင်းနီးရက်စ်နဲ့ သီချင်းပူးပေါင်း ဖန်တီးမှုတွေကိုပါ စာဖတ်သူတွေက သိရှိနိုင်မှာဖြစ်တာကြောင့် စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ ဆိုပါတယ်။
လာမယ့် အောက်တိုဘာ ၁၀ ရက်အတွင်း ဒီရုပ်ပြစာအုပ်ကို ဒစ်ဂျစ်တယ်ရော ပုံနှိပ်အဖြစ်ပါ ထုတ်ဝေသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Source/Photo-Reuters