ချဲလ်ဆီးအသင်း နိုင်ပွဲဆက်ကြာရှည်ဖို့အတွက်= နည်းပြပိုချက်တီနို လုပ်ဆောင်သွားရမယ့် အချက်လေးချက်ကို 90 Mins က အားကစား ဆောင်းပါးရှင် တွန်ဂေ့ါသ်က အကြံပြု ရေးသားခဲ့ပါတယ်။
ချဲလ်ဆီးဟာ လတ်တလောမှာ ရှုံးထွက်ဖလားနဲ့ လိဂ်ပွဲစဉ် နှစ် ပွဲဆက်တိုက် နိုင်ပွဲရထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်နှစ်လောက်အတွင်းမှာ ပရီးမီးယားလိဂ် နှစ် ပွဲဆက်တိုက် အနိုင်ရဖူးတာကတော့ တစ်ကြိမ်ပဲရှိခဲ့တာပါ။
ပရီးမီးယားလိဂ်မှာပါ နိုင်ပွဲဆက်ဖို့ဆိုရင် ဖူဟမ်နဲ့ ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ကိုးလ်ပေါ်လ်မာကို နေရာဆက်ပေးဖို့ လိုအပ်ပြီး တိုက်စစ်လမ်းကြောင်းတွေမှာ အကူအညီရရှိစေကြောင်း ဆောင်းပါးရှင် တွန်ဂေါ့သ်က ရေးပါတယ်။
ဒုတိယအချက်က ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာမယ့် နီကိုလပ်ဂျက်ဆန် အစား တိုက်စစ်မှူး ဘရိုဂျာကို ဆက်လက်နေရာပေးဖို့လိုအပ်ကြောင်း၊ တိုးတက်မှုတွေရှိလာတဲ့ နောက်ခံလူ ကူကူရယ်လာဟာလည်း ပွဲထွက်ခွင့်အတွက် ထိုက်တန်သူဖြစ်ကြောင်း တွန်ဂေါ့သ်က ဆို ပါတယ်။
နောက်ဆုံးအချက်ကတော့ အန်ဇိုဖာနန်ဒက်ဇ်ကို ကွင်းလယ်ခံစစ်နေရာမှာ ပြန်ပို့ပြီး ကိုင်ဆယ်ဒိုနဲ့ တွဲဖက်စေတဲ့ အခင်းအကျင်းကို ဆက်လက်အသုံးပြုဖို့လိုအပ်ပြီး ဂေါ်လဂါနဲ့ သုံး ယောက်တွဲ ကွင်းလယ်က အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ကြောင်း ဆောင်းပါးရှင် တွန်ဂေါ့သ်က တိုက်တွန်းရေးသားပါတယ်။
Photo-Reuters