ပြီးခဲ့တဲ့လက အဇာဘိုင်ဂျန်နိုင်ငံက လျှပ်တပြက် စစ်ဆင်မှုမတိုင်မီ နာဂေါ်နို-ခါရာဘတ်ခ် ဒေသရဲ့ အခြေအနေကို ရုရှားက အမေရိကန်နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့နဲ့ အမြင်ချင်း ဖလှယ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက အောက်တိုဘာ ၄ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဆက်သွယ်လာတာဖြစ်လို့ ဒါက သူတို့ရဲ့ အစပျိုးမှုပါလို့ ဇာခါရိုဗာက ပြောပါတယ်။
“အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အစည်းအဝေးတခု စီစဉ်ပေးဖို့ တောင်းဆိုပြီး အဆက်အသွယ်တွေ တောင်းခဲ့တယ်၊ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က အခြေအနေအပေါ် နှစ်ဖက် အမြင်ချင်းဖလှယ်ဖို့ပါ” လို့ သူက ဆက်ပြောပါတယ်။
ဇာတ်လမ်းကို အနောက်တိုင်းမီဒီယာတွေက နှိုးဆွတဲ့ဇာတ်လမ်းအဖြစ် အခုဖွင့်ထားတယ် ဆိုရင် ဒီ အမေရိကန်နဲ့ အီးယူရဲ့ ရည်ရွယ်ချက် က နောက်ထပ်ရန်စမှုတရပ်ကို ဖန်တီးဖို့ပါပဲလို့ မာရီယာ ဇာခါရိုဗာက ပြောပါတယ်။
အဇာဘိုင်ဂျန်ခွဲထွက်ဒေသမှာ စစ်ဆင်ရေးမစတင်မီ ရက်ပိုင်းအလိုမှာ ခါရာဘတ်ခ်ဒေသနဲ့ ပတ်သက်တဲ့ အရေးပေါ်ဆွေးနွေးပွဲအတွက် အမေရိကန်နဲ့ အီးယူက ထိပ်တန်းအရာရှိတွေဟာ တူရကီနိုင်ငံမှာ ရုရှားအရာရှိတွေနဲ့ တွေ့ခဲ့တယ်လို့ နိုင်ငံရေးသတင်းတွေကို အသားပေး တင်ပြတဲ့ ပေါ်လစ်တစ်ကို သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။
Source/Photo-Reuters