တိုင်ဖွန်းမုန်တိုင်း ကွိုက်နုဟာ ထိုင်ဝမ်တောင်ပိုင်းကို အောက်တိုဘာ ၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့လို့ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ပါတယ်။
ဒါကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ ဝေးဝေးနေဖို့ ဒေသခံတွေကို အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။
ကွိုက်နု တိုင်ဖွန်းမုန်တိုင်းဟာ အောက်တိုဘာ ၅ ရက် မနက်ပိုင်းမှာ အဆင့်သုံး တိုင်ဖွန်းမုန်တိုင်းအဖြစ် ထိုင်ဝမ်အရှေ့တောင်ဘက် ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်မယ်လို့ ခန့်မှန်းထားတာပါ။
ဒါပေမဲ့ ကျွန်းရဲ့ တောင်ဘက်စွန်းကိုဖြတ်ပြီး ထိုင်ဝမ်ရေလက်ကြားကို ဝင်ရောက်ရင်း အားပျော့သွားလိမ့်မယ်လို့ အပူပိုင်းမုန်တိုင်းအန္တရာယ် သတိပေးချက်က ဆိုထားပါတယ်။
ထိုင်ဝမ်ကျွန်းရဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်းက ထိုင်တုန်းမြို့မှာတော့ အစိုးရဝန်ထမ်းတွေက ကွိုက်နုမုန်တိုင်းဒဏ်ခံဖို့ သဲအိတ်တွေနဲ့ အရံအတားတွေ အချိန်လု တည်ဆောက်နေသလို တံငါသည်တွေကလည်း သူတို့ရဲ့လှေတွေကို ဒေသခံဆိပ်ကမ်းမှာ လုံခြုံအောင်ထားနေတာ တွေ့ရပါတယ်။
ကျွန်းရဲ့ တောင်ဘက်က ပင်တုံးခရိုင်နဲ့ အရှေ့ဘက်ကမ်းရိုးတန်းက ထိုက်တုံး၊ ဟွားလျန် ခရိုင်တွေမှာ မိုးအပြင်းထန်ဆုံး ရွာမှာဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်းဟာ တောင်ပိုင်းဆိပ်ကမ်းမြို့ကြီး ကောက်ရှုံကိုလည်း သက်ရောက်လိမ့်မယ်လို့ ဒေသဆိုင်ရာ မိုးလေဝသ အာဏာပိုင်တွေက ပြောပါတယ်။
လေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ကျွန်းတောင်ပိုင်းက မြို့ပြဒေသတွေမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ စာသင်ကျောင်းတွေကို ညနေပိုင်းကစပြီး ရပ်နားထားပါတယ်။
Source/Photo-Reuters