လစ်ဗျားနိုင်ငံ အရှေ့ပိုင်းက ဒါနာမြို့မှာ ရေကြီး သဘာဝဘေးဒဏ်နဲ့ ကြုံတွေ့ခဲ့ရလို့ လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အဦတွေ အကြီးအကျယ်ပျက်စီးသွားတဲ့ မြင်ကွင်းကို ဒရုန်းနဲ့ ရိုက်ထားတာ မြင်တွေ့ရပါတယ်။
စက်တင်ဘာလ ၁၀ ရက်က လစ်ဗျားနိုင်ငံကို မုန်တိုင်းဝင်ရောက်တိုက်ခတ်သွားပြီးနောက် ဒါနာမြို့မှာ ရေကြီးတာတွေ၊ ရေကာတာ ကျိုးကျတာတွေနဲ့ အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရလို့ လူပေါင်း ထောင်ချီသေဆုံးကာ အများအပြား ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
ဒါနာမြို့မှာ ရေဘေးကြောင့် လူပေါင်း ၄၀၀၀၀ လောက် နေစရာမဲ့ဖြစ်ခဲ့ကြရပြီး ၂၅၀၀၀၀ လောက် လူသားချင်းစာနာမှုအကူအညီနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
Source/ Video Credit - Reuters