Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မြန်နှုန်းမြင့် မီးရထားလမ်း ဖွင့်လှစ်
DVB
·
October 2, 2023
Indonesia high speed railway_Reuters_02102023

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ဘန်ဒေါင်းမြို့နဲ့ မြို့တော် ဂျကာတာကို ချိတ်ဆက်ပေးထားတဲ့ ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံ ကုန်ကျတဲ့ မြန်နှုန်းမြင့် မီးရထားလမ်းကို အောက်တိုဘာ ၂ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

၈၈ ဒသမ ၂၃ မိုင် အရှည်ရှိတဲ့ ရထားလမ်းဟာ သမ္မတရဲ့ အထင်ကရ အခြေခံအဆောက်အအုံ စီမံကိန်းတွေထဲက တခုပါ။

မြန်နှုန်းမြင့်ရထားရဲ့ အမြင့်ဆုံး လည်ပတ်နှုန်းက တနာရီ ၂၁၇ မိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှားနဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းတည်ဆောက်ထားတဲ့ ရထားလမ်းဖြစ်တယ်လို့ ဂျိုကိုဝီက ပြောခဲ့ပါတယ်။

စက်တင်ဘာလ ဒုတိယပတ်ကတည်းက စခဲ့တဲ့ ကျည်ဆန်ရထားတွေ အခမဲ့ အစမ်းစီးနင်းခွင့်ကို သက်တမ်းတိုးမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကို အောက်တိုဘာလလယ်မှာ အကောင်အထည်ဖော်မယ်လို့ စီမံကိန်းကို ကြီးကြပ်ကွပ်ကဲတဲ့ အကြီးတန်းဝန်ကြီး လူဟွတ် ပန်ဂျိတ်တန်က ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024