Home
နိုင်ငံတကာ
အီရတ်တွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
October 2, 2023
Iraq protest_Reuters_02102023

အီရတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကစတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှု လေးနှစ်ပြည့် အထိမ်းအမှတ်အဖြစ်  အောက်တိုဘာ ၁ ရက်က  လမ်းမပေါ်ထွက် ဆန္ဒပြသူတွေနဲ့ အီရတ်တပ်ဖွဲ့ဝင်တွေ  ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက အီရတ်အလံတွေ ကိုင်ဆောင်ပြီး သူတို့ရဲ့ တောင်းဆိုချက်တွေ မရမချင်း “တော်လှန်ရေး” ဆက်လုပ်ဖို့ ဆော်ဩရင်း လမ်းပေါ်မှာ အမှိုက်တွေကို မီးရှို့ခဲ့ကြပါတယ်။

အီရတ်ကဗျာဆရာ မော်အာယာ ဒယ်လ် ခယ်လီဒီက “၂၀၁၉ ခုနှစ်မှာ ပထမဆုံးဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ လေးနှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ ဒီနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတာပါ။ အီရတ်သမိုင်းမှာ ဂုဏ်ယူတောက်ပတဲ့ အခိုက်အတန့်ပါပဲ။ ဒုတိယအနေနဲ့ ၂၀၀၃ ခုနှစ်ကတည်းက အီရတ်ကို အသက်ရှုကြပ်စေခဲ့တဲ့ အာဏာရှိ ဒီအကျင့်ပျက်အုပ်စုကို ဖယ်ရှားပစ်ဖို့ ကျနော်တို့လိုချင်တဲ့ အပြောင်းအလဲအတွက် ဇွဲရှိရှိနဲ့ ဆက်ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဝန်ကြီးချုပ် အဗ်ဒယ်လ် အဗ်ဒူ မာဒီရဲ့  အစိုးရကို ဆန့်ကျင်ရင်း အီရတ်နိုင်ငံသား အများစုကို ဆင်းရဲတွင်းနက်စေတဲ့ နိုင်ငံရေးစနစ်ကို ပြန်ပြင်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အီရတ်လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အမည်မသိ သေနတ်သမားတွေရဲ့ နှိမ်နင်းမှုကြောင့် လက်နက်မဲ့ ဆန္ဒပြသူတွေ အများစုသာမက လုံခြုံရေး တပ်ဖွဲ့ဝင်တွေပါ လူ ၅၆၀ ကျော် သေဆုံးခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024