ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်(စ်)က တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁ ရက်မှာ ပေါင် ၄ ဘီလီယံတန်ကြေးရှိတဲ့ သဘောတူညီချက်တရပ်ကို ကြေညာခဲ့ပါတယ်။
“မိမိတို့နိုင်ငံအတွက် အဆုံးစွန်အာမခံနိုင်တဲ့ မူဝါဒဟာ ပင်လယ်ပြင်မှာ နျူးကလီးယားနဲ့အတူ ခြိမ်းခြောက်ဟန့်တားနိုင်မှု” ဖြစ်တယ်ဆိုပြီး ရှပ်(စ်)က အာဏာရ ကွန်ဆာဗေးတစ်ပါတီကို ပြောကြားသွားပါတယ်။
လက်ရှိ အာဏာရပါတီရဲ့ နှစ်ပတ်လည်ညီလာခံကို အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမြို့မှာ ကျင်းပခဲ့တာပါ။
ဒါ့အပြင် အင်ဒို-ပစိတ်ဒေသအတွင်း တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေအပေါ် တန်ပြန်နိုင်ဖို့နဲ့ ပတ်သက်ပြီး လာမယ့် ၂၀၃၀ ခုနှစ် အစောပိုင်းမှာ သြစတြေးလျနိုင်ငံအတွက် နျူးကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေ ထောက်ပံ့ပေးသွားဖို့ ရှိနေပါတယ်။
ဒါကြောင့် ၃ နိုင်ငံ မဟာမိတ် AUKUS အစီအစဉ်ကို အမေရိကန်၊ သြစတြေးလျနဲ့ ဗြိတိန်တို့က ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗြိတိနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးမူဝါဒဟာ အင်ဒို-ပစိတ် ဒေသအပေါ် ဦးတည်နေတာကြောင့် ရေငုပ်သင်္ဘောတွေ လည်ပတ်နိုင်ဖို့အတွက်ပါ စီစဉ်သွားမယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂမှ နုတ်ထွက်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ အလျင်အမြန် စီးပွားရေးဖွံ့ဖြိုးနေတဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့အတူ ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters