တိုက်စစ်မှူးဗလာဟိုဗစ်ဟာ ချဲလ်ဆီးအသင်းဆီ မပြောင်းရွှေ့ဖြစ်တဲ့ အကြောင်းအရင်းကို ဂျူဗင်တပ် အားကစားဒါရိုက်တာ ဂျွန်တိုလီက ရှင်းလင်းသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က တရားဝင် ကမ်းလှမ်းခဲ့ပေမဲ့ ဂျူဗင်တပ် အသင်းဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးခဲ့တာကြောင့် အဆင်မပြေ ဖြစ်ခဲ့တာပါ။
ဂျူဗင်တပ် အားကစားဒါရိုက်တာ ဂျွန်တိုလီက “ဒူဆန်ဗလာဟိုဗစ်အတွက် ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းချက် ရရှိခဲ့ပါတယ်။ ဒူဆန်ကို မရောင်းချင်ပေမဲ့ အဆင်ပြေမယ့် ပြောင်းရွှေ့ကြေး ရရှိမယ်ဆိုရင် လက်ခံဖို့ရှိတာပါ။ ဒါပေမဲ့ ချဲလ်ဆီး ဘက်က ကမ်လှမ်းချက်က ကျနော်တို့လိုချင်တဲ့ပမာဏအထိ မရောက်ခဲ့ပါဘူး။ လူကာကူနဲ့ အလဲအလှယ် လုပ်ဖို့ကလည်း ဘယ်နည်းနဲ့မှ အဆင်မပြေခဲ့တာဖြစ်တယ်” လို့ ပြောပါတယ်။
လူကာကူကို ရိုးမားအသင်းဆီ အငှားချဖို့ ချဲလ်ဆီးဘက်က ဆုံးဖြတ်ခဲ့ပါတယ်။ ဗလာဟိုဗစ်ဟာ ဒီရာသီအစမှာ ဂျူဗင်တပ်နဲ့ စီးရီးအေ ၆ ပွဲမှာ ၄ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။
Photo-Reuters