ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဘန်းမှာ စက်တင်ဘာ ၃၀ ရက်က ဆန္ဒပြသူပေါင်း ၆ သောင်းကျော်အထိ စုဝေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲဟာ ပိုမိုခိုင်မာတဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမူဝါဒတွေ ရရှိလာဖို့အတွက် ဖြစ် သလို အမျိုးသားရွေးကောက်ပွဲ တရပ် မတိုင်ခင် တလလိုသေးတဲ့ အချိန်မှာလည်း ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ ဒီလိုမျိုး ကြီမားတဲ့ဆန္ဒပြပွဲတွေ အဖြစ်နည်းလေ့ရှိပြီး မူဝါဒ ချမှတ်မှုဆိုင်ရာ အရှိန်အဟုန်အပေါ်မှာ ပြည်သူလူထုရဲ့ စိုးရိမ် စိတ်ပျက်မှု တိုးပွားလာတာကြောင့် ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးသက်ရောက်မှုတွေက အလွန်များပြား လာတာကြောင့် ဒါကို တန်ပြန် နိုင်ဖို့အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံရဲ့ ရေခဲမြစ်တွေဟာ ၂နှစ်တာအတွင်း ၁၀ရာခိုင်နှုန်းအထိ လျော့နည်းသွား တယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘာကြီးပူနွေးမှု နှုန်းထားထက် ၂ဆပိုမိုများပြားနေတဲ့ ဒီနိုင်ငံမှာ စက်တင်ဘာလတုန်းက အပူပြင်း ဆုံးအဖြစ် စံချိန် တင်ခဲ့တယ်လို့ ဆိုပါတယ်။
Source/Photo-Reuters