Home
နိုင်ငံတကာ
ကနေဒါလေကြောင်းလိုင်းမှ လေယာဉ်မှူးများ ဆန္ဒပြ
DVB
·
September 30, 2023
00000000000000

ကနေဒါလေကြောင်းလိုင်းမှ လေယာဉ်မှူးတွေဟာ တိုရွန်တိုမြို့ ပီယာဆန်လေဆိပ်မှာ စက်တင်ဘာ ၂၉ ရက်မှာ ဆန္ဒပြခဲ့ကြပြီး ပိုကောင်းတဲ့ လစာနဲ့ ခံစားခွင့်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ကနေဒါနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းမှာ လေယာဉ်မှူး ၄,၅၀၀ ပါဝင်တဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်နေပါတယ်။ 

ဆန္ဒပြ လေယာဉ်မှူးတွေဟာ “ခရီးစဉ်တွေ မဖျက်သိမ်းနဲ့။ အတွေ့အကြုံရှိ လေယာဉ်မှူးတွေကို ထိန်းသိမ်းထားပါ” ဆိုတဲ့ စာသားတွေ အပါအဝင် တောင်းဆိုချက်တွေကို ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။ 

ယူနိုက်တက် လေကြောင်းလိုင်း၊ ဒလ်တာ လေကြောင်းလိုင်းနဲ့ အမေရိကန် လေကြောင်းလိုင်းတွေ အပါအဝင် လေကြောင်းကုမ္ပဏီတွေမှ အမေရိကန် မိတ်ဆွေတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း အလုပ်သမား သဘောတူညီချက်အသစ်တွေမှာ သမိုင်းဝင် အကျိုးအမြတ်တွေ ရရှိခဲ့ကြတာကြောင့် ကနေဒါနိုင်ငံမှ လေယာဉ်မှူးတွေ ကလည်း လစာပိုမြင့်ပြီး ပိုမိုကောင်းမွန်တဲ့ အချိန်ဇယားတွေကို စီစဉ်ပေးဖို့ ဖိအားပေး တောင်းဆိုကြတာပါ။ 

လက်ရှိမှာ သမဂ္ဂဟာ  ကနေဒါလေကြောင်းလိုင်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ တက်တက်ကြွကြွပါဝင် ဆောင်ရွက်နေပြီး ဆွေးနွေးပွဲတွေဟာ အောက်တိုဘာလ တလလုံး ဆက်ရှိနေမယ်လို့ မျှော်မှန်း ထားပါတယ်။ 

ကုမ္ပဏီရဲ့ အရင် ဆယ်စုနှစ်ကြာ စာချုပ်ဟာ သောကြာနေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ 

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024