Home
မြန်မာသတင်း
ငွေစက္ကူများပယ်ဖျက်သည့်သတင်း မဟုတ်ဟု စစ်ကောင်စီပြော
DVB
·
September 30, 2023
383005298_1655688964920592_5863423496769226785_n

မြန်မာငွေကျပ် ၅၀ တန်နဲ့ ၁၀၀ တန် ငွေစက္ကူတွေကို  စက်တင်ဘာ ၂၉ ရက်‌နေ့ကစပြီး ဖျက်သိမ်းတယ်ဆိုတာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အဲဒီငွေစက္ကူတွေကို တရားဝင် ငွေကြေးအဖြစ်ကနေ ရပ်စဲကြောင်းနဲ့ ဗဟိုဘဏ်ကို လာမအပ်ဘူးဆိုရင် အရေးယူခံရမယ်ဆိုတဲ့  အမိန့်စာ ၂ စောင် လူမှုကွန်ရက်မှာ ဒီကနေ့ မနက်က ပျံ့နှံ့နေခဲ့ပြီး အဲဒီကြေညာချက်တွေက အတုဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့စစ်ကောင်စီ မီဒီယာတွေကို ပြောထားပါတယ်။

စစ်ကောင်စီဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြည့်အဝ လိုက်နာတာကြောင့် ဒီဥပဒေပြဋ္ဌာန်းချက်အတိုင်း တရားဝင်ငွေစက္ကူတွေကို ပယ်ဖျက်တာမျိုးလုပ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မကြာသေးခင်ကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်တဲ့ ဘုရားအောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ သူအထွဋ်အမြတ်ထားတဲ့ ဆင်ဖြူတော် ၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

အဲဒီ အကျိုးဆက်အနေနဲ့ ‌နိုင်ငံခြားငွေနဲ့ ရွှေဈေးတွေပိုမြင့်တက်လာခဲ့သလို ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံစားကုန်တွေ၊ လူသုံးကုန်တွေ၊ ဆေးဝါးတွေလည်း ဈေးမြင့်တက်လာခဲ့ပါတယ်။

အဲဒီနောက် စစ်ကာင်စီဟာ ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးကွက်က လုပ်ငန်းရှင်တွေကို ဆက်တိုက်ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးယုံကြည်စိတ်ချရသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုပါ အရေးယူခဲ့ပါတယ်။

အဲဒီလို အရေးယူမှုတွေအပြီးမှာ ဒေါ်လာဈေး၊ ရွှေဈေး တဖြည်းဖြည်းနဲ့ ကျလာတာကို ‌‌တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024