Home
မြန်မာသတင်း
ပုလဲမြို့‌ပေါ်ထွေအုပ်ရုံးနှင့် ရဲစခန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂ ဦးဒဏ်ရာရ
DVB
·
September 30, 2023
000000000

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအထိုင်တပ်စွဲထားရာ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေ ဆီကနေ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့က ညောင်ကုန်းရွာက တော်လှန်ရေးရဲဘော် ၁ ယောက်နဲ့ အရပ်သား ၂ ယောက်ကို စစ်ကောင်စီစစ်ကြောင်းက ရက်ရက်စက်စက်သတ်ဖြတ်တာကို ပြန်လည်လက်စားချေတဲ့အနေနဲ့ ပစ်ခတ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

သခင်ဒေါင်းညိုအဖွဲ့ခေါင်းဆောင်က “တိုက်ပွဲက အနီးကပ်တိုက်ပွဲဖြစ်တာဆိုတော့ အတော်ပြင်းထန်တယ်။ သူတို့ ပိုင်နက်ထဲအထိ ကျနော်တို့ ဝင်ပစ်တာ။ စစ်ကောင်စီ ဘက်ကတော့ ခွေး ၂ ကောင် ဒဏ်ရာပြင်းထန်ရတယ်။ လဝကရုံးအတွင်းမှာ ဆေးကုသနေတယ်လို့ အတွင်းသတင်းတော့ရထားတယ်။ အသေအပျောက်ကတော့ စုံစမ်းနေဆဲပဲဗျ။ ကိုယ့်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ ၄၀ မမနဲ့ ပြန်ပစ်လို့ ပုလဲမြို့ပေါ် ထန်းတပင်ရပ်ကွက်၊ သဲတန်းကွမ်းယာဆိုင်က အသက် ၆၀ အရွယ်ခန့် ဒေါ်မာကြည် သေဆုံးခဲ့တာရှိတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ဒီဗွီဘီကို ပြောဆိုပါတယ်။

အခုတိုက်ပွဲကို သခင်ဒေါင်းညိုအဖွဲ့က ဦးဆောင်ပြီး ဒေသခံ တော်လှန်ရေးအဖွဲ့နဲ့ မဟာမိတ်ညီနောင်အင်အားစုတွေ ပူပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024