အမေရိကန်နိုင်ငံရဲ့ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ဥက္ကဋ္ဌ မာ့ခ်မစ်လီဟာ ရာထူးစွန့်ကာ အငြိမ်းစားယူတော့မယ်လို့ သိရပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်မှာ မစ်လီရဲ့ နောက်ဆုံးအကြိမ် ထွက်ခွာမှုအတွင်း လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ရဲ့ ရာထူးသက်တမ်းအတွင်း မစ်လီ အနေနဲ့ ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပေမဲ့ လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ရာထူးက နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ အမေရိကန်စစ်တပ်ရဲ့ ထိပ်တန်းအရာရှိကြီး မဖြစ်လာခင်အထိ မစ်လီဟာ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ တခြားနိုင်ငံတွေမှာပါ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
မစ်လီရဲ့ နေရာမှာတော့ အမေရိကန်လေတပ် အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ချားလ်စ် ကျူ ဘရောင်းက ရာထူးဆက်ခံသွားမှာ ဖြစ်ပါတယ်။
ဘရောင်းဟာ တိုက်လေယာဉ်မှူးဟောင်းတဦးဖြစ်သလို ပစိဖိတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ တင်းမာမှု မြင့်တက်နေချိန်မှာလည်း အမိန့်ပေး ကွပ်ကဲနိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူတဦး ဖြစ်ပါတယ်။
Source/Photo-Reuters