အထောင်တိုက်စစ်မှူးစစ်စစ်တွေရဲ့ အခန်းကဏ္ဍ ပျောက်ကွယ်မှာမဟုတ်ကြောင်း အာဆင်နယ် နည်းပြ အာတေတာက ပြောသွားပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အထောင်တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားခဲ့တာမျိုး ရှိပြီး ကွင်းလယ်ကစားသမားတွေက တိုက်စစ်ပိုင်းကို ဦးဆောင်ကစားတဲ့ ထိပ်တန်းအသင်းတွေ ရှိလာခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဟာလန်းကို မခေါ်ယူနိုင်ခင်က အထောင်တိုက်စစ်မှူးထားရှိခြင်းမရှိဘဲ အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ဖူးတာပါ။
လက်ရှိဘောလုံးရာသီမှာတော့ အထောင်တိုက်စစ်မှူးတွေရဲ့ အခန်းကဏ္ဍက ပြန်လည်ဦးမော့လာပြီဖြစ်ပြီး သူတို့ရဲ့ သွင်းဂိုးစွမ်းရည်တွေက အရေးပါလာခဲ့ကြောင်း အာတေတာ ကပြောပါတယ်။
ဟယ်ရီကိန်း၊ ဟာလန်း၊ အိုဗန်တိုနေးနဲ့ မီထရိုဗစ်တို့က ဂိုးတွေအများကြီးသွင်းယူနိုင်တဲ့ အထောင်တိုက်စစ်မှူးတွေဖြစ်ကြောင်း နည်းပြအာတေတာက ဥပမာပေး ပြောသွားခဲ့ပါတယ်။
Photo-Reuters