ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ပြည်အကျဉ်းထောင်တွင်း အထူးတရားရုံးက နှစ်ရှည်ထောင်ဒဏ် အနှစ် ၂၀ ထပ်မံချမှတ်ခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်က ထောင်တွင်းတရားရုံးက ပြည်မြို့နယ်နဲ့ တောင်ငူမြို့နယ်အတွင်းက အမှု ၂ ခုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
တရားရေးနဲ့နီးစပ်သူတဦးက “မြို့နယ်အမှု ၂ မှုနဲ့ နှစ် ၂၀ ချလိုက်တာ။ အရင်အမှုက ၁၉ နှစ်ချထားတယ်။ အကုန်လုံး မြို့နယ်အမှုတွေပါပဲ။ ကျန်းမာရေးတော့ သိပ်မကောင်းဘူး။ ကိုဗစ်ရောဂါလည်း ဖြစ်နေတယ်။ အရင်တည်းက ဆေးပုံမှန်သောက်ပြီး ရောဂါကုနေရတာ။ ဆေးဝါးကုသမှု ကောင်းကောင်းရဖို့လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
Photo - Cj