ချဲလ်ဆီးနည်းပြဘဝဟာ မျှော်လင့်ထားသလောက် မခက်ခဲကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲအပြီးမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားပြီး အဆင့် ၁၄ မှာ ရပ်တည်နေတာပါ။
နည်းပြပိုချက်တီနိုကတော့ ချဲလ်ဆီးနည်းပြဘဝဟာ မျှော်လင့်ထားသလောက် ခက်ခဲမှု မရှိကြောင်း၊ အသင်းရဲ့ ခြေစွမ်းအပေါ် အားရကျေနပ်ပြီး အဆုံးသတ်ဂိုးသွင်းမှု အပိုင်းမှာပဲ တိုးတက်မှု လိုအပ်နေတာဖြစ်ကြောင်း ပြောပါတယ်။
တိုက်စစ်ပိုင်းမှာ အဆုံးသတ် အားနည်းနေတာကို လေ့ကျင့်ရေးကွင်းမှာ သေချာ ပြင်ဆင်သွားမှာဖြစ်ပြီး ရလဒ်ဆိုးတွေကို ပြောင်းလဲနိုင်တဲ့ အရည်အချင်းလည်း အသင်းသားတွေမှာ ရှိနေကြောင်း ပိုချက်တီနိုက ပြောပါတယ်။
အသင်းရဲ့ပွဲစဉ် ပြီးတိုင်းမှာ အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေရောက်လာပြီး အားပေးစကားပြောတာတွေကို ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြောင်းနဲ့ ပွဲစဉ်အကြောင်းတွေကို ဆွေးနွေးခဲ့ကြကြောင်း ပိုချက်တီနိုက ပြောသွားပါတယ်။
Photo-Reuters