ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် လိဂ်ရှုံးထွက်ဖလားပွဲစဉ်မှာ ဆာကာနဲ့ ဒက်ကလန်ရိုက်စ်တို့ လွဲချော်မှာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတေတာက အတည်ပြုသွားပါတယ်။
တောင်ပံတိုက်စစ်မှူး ဆာကာဟာ စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အပြီးမှာ ဒဏ်ရာပြဿနာရှိခဲ့ပြီး မသက်မသာခံစားခဲ့ရတာပါ။
ဒဏ်ရာအခြေအနေ မပြင်းထန်ပေမဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဘုန်းမောက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၇ ကိုလည်း လွဲချော်နိုင်ကြောင်း အာတေတာက ပြောပါတယ်။
ဒါ့အပြင် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာလည်း နောက်ကျောဒဏ်ရာကြောင့် လေ့ကျင့်ခန်းမ ဆင်းနိုင်သေးလို့ ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်မှာပါ။
တခြားဒဏ်ရာရကစားသမားတွေဖြစ်တဲ့ မာတင်နယ်လီ၊ ထရော့ဆတ်နဲ့ သောမက်စ် ပါတေးတို့ဟာလည်း ဆက်လက်လွဲချော်မှာဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ဖို့သာ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။
Photo-Reuters