ချဲလ်ဆီးအသင်းလက်ထောက်နည်းပြ ဘရူနိုဆယ်တာဟာ အသင်းကနေ ထွက်ခွာသွားပြီဖြစ် တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုတစ်ပတ်ပရီးမီးယားလိဂ်မှာ ဗီလာကိုရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပါ။
ဒီအခြေအနေတွေကြောင့် လက်ထောက်နည်းပြ ဆယ်တာဟာ အသင်းကနေထွက်ခွာသွားခဲ့ပြီး အသင်းဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
သူဟာ ဂရေဟမ်ပေါ်တာနဲ့အတူ ပါဝင်လာခဲ့တဲ့နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပေါ်တာ ထုတ်ပယ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် တစ်ပွဲကိုင်တွယ်ခဲ့ပါသေးတယ်။
နည်းပြလမ်းပတ် ရောက်လာချိန်မှာလည်း အသင်းဘက်က ဆက်ထိန်းထားခဲ့ပြီး ပိုချက်တီနိုလက်ထက်မှာ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် ပြန်လည်တာဝန်ပေးခဲ့တာပါ။
နည်းပြဟောင်းပေါ်တာနဲ့အတူ ပါဝင်လာခဲ့တဲ့ နည်းပြတွေထဲမှာ ဂိုးနည်းပြ ဘင်ရော့ဘတ်စ်နဲ့ အချက်အလက် လေ့လာသုံးသပ်သူ မက်ကော်လေတို့ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။
Photo-Reuters