၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယမြောက် ပဲွစဥ်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၂၅ ရက်က ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၄ အမျိုးသမီးအသင်းက ဟောင်ကောင် ယူ-၂၄ အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဟောင်ကောင်အမျိုးသမီးအသင်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၆၉ မိနစ်မှာ သွင်းယူခဲ့တဲ့ လူစားဝင်ကစားသမား မြတ်နိုးခင်ရဲ့ တလုံးတည်းသော အနိုင်ဂိုးကြောင့်သာ နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ စက်တင်ဘာ ၂၈ ရက် မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားရမှာဖြစ်ပြီး ဒီပွဲမှာ အနိုင် ဒါမှမဟုတ် သရေကစားနိုင်မှ နောက်တဆင့်ကို တက်ရောက်ဖို့ သေချာမှာဖြစ်ပါတယ်။
Photo-MFF