အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေးတင်းမာ လာပြီးတဲ့နောက် ညီညွတ်သော ဟိန္ဒူတပ်ဦးအဖွဲ့ဟာ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးကို စက်တင်ဘာ ၂၄ ရက်က ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
လက်တဆုပ်စာသာ ရှိတဲ့ ဆန္ဒပြသူတွေဟာ အိန္ဒိယမြို့တော်ရှိ ဂျန်တာမန်တာပန်းခြံမှာ ထရူးဒိုး ဆန်ကျင်ရေး ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ကြပါတယ်။
ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး ကနေဒါနိုင်ငံမှာ ဇွန်လက အသတ်ခံရမှုဟာ အိန္ဒိယ အစိုးရနဲံ ဆက်စပ်မှုရှိတယ်လို့ ကနေဒါဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီးနောက် အိန္ဒိယနဲ့ ကနေဒါအကြား တင်းမာမှု မြင့်တက်လာပါတယ်။
အသတ်ခံရတဲ့ ကနေဒါနိုင်ငံသား နတ်ဂျာဟာ လွတ်လပ်တဲ့ ခါလစ်စတန်နီ နိုင်ငံတည်ထောင်ရေးနဲ့ ဆစ်ခ်မွေးရပ်မြေကို ထောက်ပံ့ခဲ့သူလည်း ဖြစ်ပါတယ်။
နတ်ဂျာကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ အိန္ဒိယအစိုးရက အကြမ်းဖက်သမား အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အိန္ဒိယမှာ အကြမ်းဖက် လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့ ခါလစ်စတန်နီရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့ အိန္ဒိယအကြမ်းဖက်မှု ဆန့်ကျင်ရေး အေဂျင်စီက စက်တင်ဘာလ ၂၃ ရက်က ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters