အမေရိကန်အာဏာပိုင်တွေဆီမှာ လျှောက်ထားပြီး ခိုလှုံခွင့်တောင်းဖို့ စက်တင်ဘာ ၂၂ ရက်မှာ ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ပေါင်းများစွာဟာ ရီယိုဘရာဗိုမြို့ကို ဖြတ်သန်းခဲ့ကြပါတယ်။
ရီယိုဗရာဗိုမြို့ရဲ့ အမေရိကန်ဘက်ခြမ်းနဲ့ နယ်စပ်တံတိုင်းကြားမှာ အန္တရာယ်ရှိတဲ့ ဘလိတ်ဓား သံဆူးကြိုးတွေ ကာရံထားတဲ့ နံရံအောက်ကနေ ဖြတ်ကျော်ပြီး အမေရိကန် အိပ်မက်ကို လိုက်စားနေတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဒါဇင်ချီပြီး ရောက်လာတဲ့ အခိုက်အတံ့ကို ဒရုမ်းယာဉ်က ရိုက်ကူး ထားခဲ့ပါတယ်။
မက်ဆီကိုနိုင်ငံ စွေဒက် ဟွာရက်ဇ်မြို့ ရဲတပ်ဖွဲ့ကနေ ပံ့ပိုးပေးထားတဲ့ မက္ကဆီကို အမျိုးသား ရွှေ့ပြောင်း နေထိုင်ရေးဌာနက တာဝန်ရှိသူတွေ ဇုန်အတွင်း ကင်းလှည့်ဖို့ ဖြန့်ကျက် ထားပါတယ်။
စက်တင်ဘာ ပထမလဝက်အတွင်း အမေရိကန်နယ်စပ် အာဏာပိုင်တွေက အမေရိကန်- မက္ကဆီကို နယ်စပ်မှာ ရွှေ့ပြောင်းနေထိုင်သူ ၁၄၂,၀၀၀ ကျော်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ မက္ကဆီကိုသမ္မတက မျှဝေထားတဲ့ အချက်အလက်တွေက ဆိုပါတယ်။
တရားဝင်နယ်စပ်ဖြတ်ကျော်လို့ ဖမ်းမိတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ မေလလယ်မှာ ကျဆင်းသွားပြီးနောက် လူဦးရေ တဖြည်းဖြည်း ပြန်မြင့်တက် လာပြီး အမေရိကန်နယ်စပ်မြို့တွေရဲ့ စွမ်းဆောင်ရည်ကို ဝန်ပိစေခဲ့ပါတယ်။
Source/Photo-Reuters