နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ စိတ်ထိန်းချုပ်နိုင်ခြင်းမရှိခဲ့တဲ့ ကွင်းလယ်လူ ရိုဒရီကို နည်းပြ ဂွါဒီယိုလာက ပြစ်တင်ဝေဖန်သွားပါတယ်။
ရိုဒရီဟာ နော်တင်ဟမ်ကွင်းလယ်လူ ဂစ်ဘ်ဝိုက်နဲ့ စကားချေအတင်ဖြစ်ပြီး လက်နှစ်ဖက်နဲ့ လည်ပင်းကို ညှစ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
မန်စီးတီးအသင်းဟာ ပွဲချိန်ဒုတိယပိုင်းတစ်ပိုင်းစလုံး တစ်ယောက်လျော့နဲ့ ကစားသွားခဲ့ရပေမဲ့ ပထမပိုင်းကသွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
နည်းပြဂွါဒီယိုလာကတော့ ပထမပိုင်းအပြီးမှာကတည်းက စိတ်ခံစားချက်တွေကို ထိန်းသိမ်းဖို့ ညွှန်ကြားထားပေမဲ့ မလိုက်နာခဲ့တဲ့ ရိုဒရီအပေါ် ပြစ်တင်ဝေဖန်ခဲ့တာပါ။
ဂွာဒီယိုလာက “ရိုဒရီအနေနဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်သွားရမှာပါ။ ပထမပိုင်းအပြီး ကတည်းက စိတ်အေးအေးထားဖို့၊ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ဖို့ မှာကြားခဲ့ပါသေးတယ်။ ရိုဒရီအနေနဲ့ ဒီလိုမျိုးမလုပ်သင့်ပါဘူး။ အခုတော့ ဒိုင်ရဲ့ဆုံး ဖြတ်ချက်ကို လက်ခံသွားရမှာပါ။ ရိုဒရီအပေါ် ဒေါသထွက်မိသလားဆိုတော့ ဟုတ်ပါတယ်။ ဒေါသထွက်စရာပါပဲ။ ကျနေည်တို့အနေနဲ့ ၁၀ ယောက်တည်းနဲ့ မကစားချင်ပါဘူး” လို့ ပြောပါတယ်။
သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ့် ရိုဒရီဟာ အောက်တိုဘာ ၈ ရက်မှာ ကစားရမယ့် အာဆင်နယ် နဲ့ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
Photo-Reuters