Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ရုပ်အလောင်းများမျောပါလာ
DVB
·
September 23, 2023
382743036_878726457008159_1525270390502463430_n

ချင်းတွင်းမြစ်ထဲမှာ ရုပ်အလောင်းတွေ မျောပါလာနေပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ နစ်မြုပ်ခဲ့တဲ့ စစ်သင်္ဘောမှာပါသွားသူတွေရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ တွေ့ရှိသူတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ကမ်းအနီး မင်းကင်မြို့နယ်မှာ နေထိုင်သူ အမျိုးသားတယောက်က “၂၁ ရက်နေ့က စပြီး အလောင်းတွေမျောနေတာ တွေ့ရတာ ဒီနေ့တွေ့တာကိုက မနည်းဘူး ၁၀ လောင်းလောက်ရှိတယ်။ ညဘက်တွေလည်း မျောမှာပဲ၊ မထွက်ရဲလို့ မသိမမြင်ရတာ။ အလောင်းတွေက အမျိုးသမီး‌တွေရော အမျိုးသားတွေရော စစ်သားတွေရောပါတယ်” လို့ ပြောပါတယ်။

နစ်မြုပ်သွားတဲ့ စစ်ကောင်စီဖလက်သင်္ဘောပေါ်မှာပါလာတဲ့ လူဦးရေ ၁၀၀ လောက်အထိ သေဆုံးနိုင်‌‌တယ်လို့လည်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ “သူတို့က လူမမြင်အောင် သင်္ဘောဝမ်း‌ခေါင်းထဲက‌နေ စီးလာကြတာ။ သေဆုံးမိသားစုတွေကလည်း သေဆုံးသွားလို့ ဝမ်းနည်းကြောင်းတောင်မပြောရဲဘူး။ စစ်တပ်က ဖုံးဖိထားတာ။ ပြောလိုက်ရင် မိသားစု အန္တရာယ်ရှိလာနိုင်တယ်။ နောက်ပြီး သေဆုံးသူ မိသားစုက စစ်တပ်နဲ့ မကင်းရာ မကင်းကြောင်းတွေမို့ သေဆုံးကြောင်း ပြောမိရင် ကိုယ့်ပေါင် ကိုလှန်ထောင်းသလိုဖြစ်မှာ” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်၊ ကုမ္ပဏီဝန်ထမ်း ၃ ယောက်နဲ့ အရပ်သား ၆ ယောက်၊ စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024