အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးတို့ဟာ စက်တင်ဘာ ၂၁ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၃၂၅ သန်း တန်ကြေးရှိ တဲ့ စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု အစီအစဉ်သစ်တစ်ရပ်ကို ကြေညာသွားဖို့ ရှိနေပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်မှု စတင်ခဲ့ပြီးနောက် လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် အမေရိကန်က ဒေါ်လာ ၁၁၃ ဘီလီယံအထိ ယူကရိန်းအစိုးရကို ထောက်ပံ့ပေးခဲ့ပါတယ်။
အိမ်ဖြူတော်မှာ တွေ့ဆုံမှုအတွင်း ဘိုင်ဒင်က "ဒီငြိမ်းချမ်းရေးလမ်းကြောင်းမှာ ရုရှား တနိုင်ငံတည်း ရပ်တည်နေရတာပါ၊ မြောက်ကိုးရီးယားနဲ့ အီရန်ဆီက နောက်ထပ်လက်နက်တွေ ရရှိဖို့အတွက် ရုရှားအနေနဲ့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့် မော်စကိုကိုယ်တိုင် မဲခွဲဆုံးဖြတ်ခဲ့တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားအပေါ် ချိုးဖောက်ပါလိမ့်မယ်" ဆိုပြီး ဇလန်းစကီးကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကြမ်းတမ်းတဲ့ ဆောင်းရာသီမတိုင်ခင် ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီပေးရာမှာ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့အတူ တခြားလက်နက်တွေပါ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ကိဗ် အတွက် အစီအစဉ်အသစ်နဲ့ ပတ်သက်ပြီး ဘိုင်ဒင်ကိုယ်တိုင် ကြေညာသွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက အတည်ပြုပါတယ်။
၁၅၅-မမ ဟောင်ဝစ်ဇာအမြောက်နဲ့ပစ်ခတ်ရတဲ့ အတွဲလိုက်ပစ် လက်နက်တွေရဲ့ ဒုတိယအသုတ်လည်း ပါဝင်မှာဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Source/Photo - Reuters