အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ဆက်စပ်ဆွေးနွေးပွဲအတွက် တွေ့ဆုံနေတဲ့ ဟိုတယ်အပြင်ဘက်မှာ အမေရိကန်နိုင်ငံသား အစ္စရေးနွယ်ဖွားတွေနဲ့ ဂျူးလူမျိုးတွေ စက်တင်ဘာ ၂၀ ရက်က စုရုံးခဲ့ကြပါတယ်။
အစ္စရေးနိုင်ငံတွင်း အမျိုးသားရေးဝါဒီ ညွန့်ပေါင်းအစိုးရရဲ့ တရားရေး အလုံးစုံ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင် ဆန္ဒပြနေကြတာပါ။ နေတန်ယာဟု အစိုးရကို ဘိုင်ဒင်က မထောက်ခံဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလက နေတန်ယာဟု အာဏာပြန်ရအပြီး ပထမဆုံးအကြိမ်အဖြစ် ဘိုင်ဒင်နဲ့ တွေ့ဆုံတာဖြစ်ပြီး ခေါင်းဆောင် ၂ ဦးလုံးက ဆက်ဆံရေး မပြေပြစ်တာကို ပြေလျော့စေဖို့ ဆန္ဒပြရှိတယ်လို့ အချက်ပြခဲ့ကြပါတယ်။
ဘိုင်ဒင်က မတူခြားနားချက်တွေကို ဆွေးနွေးဖို့ ပိုင်းဖြတ်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
နေတန်ယာဟုရဲ့ လက်ယာစွန်းအစိုးရက စီစဉ်တဲ့ အငြင်းပွားနေတဲ့ တရားရေး ပြုပြင်ပြောင်းလဲမှု အစီအမံကို ဘိုင်ဒင်က ဆန့်ကျင်တဲ့အချက်လည်း ပါပါတယ်။ ဒီအစီအမံဟာ ပါလက်စတိုင်းတွေအပေါ် တင်းမာမယ့် အစ္စရေးရဲ့ ရည်မှန်းချက် ဖြစ်နေလို့ ဘိုင်ဒင်က စိုးရိမ်နေတာပါ။
ဒါပေမဲ့ လုပ်ငန်းစဉ်ရဲ့ အကြီးဆုံးကိစ္စက ကာလရှည် ရန်သူဖြစ်တဲ့ အစ္စရေးနဲ့ ဆော်ဒီအာရေဗျတို့ကြား သံတမန်ဆက်ဆံရေးအတွက် အမေရိကန် ဦးဆောင်တဲ့ တွန်းအားပေးမှုပါ။
ဒီအရေးဟာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ လိုက်လျောမှုနဲ့ ဆော်ဒီက လိုချင်နေတဲ့ အရပ်ဘက်သုံး နျူးကလီးယား အကူအညီ၊ အမေရိကန်ရဲ့ လုံခြုံရေး အာမခံချက်တွေ ပါပြီး ရှုပ်ထွေးကျယ်ပြန့်တဲ့ ညှိုနှိုင်းမှုတွေရဲ့ ဗဟိုချက် ဖြစ်နေပါတယ်။
Source/Photo-Reuters