အမေရိကန်လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ချားလ်စ် ကျူ ဘရောင်းကို အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ် အများစုက စက်တင်ဘာ ၂၀ ရက်မှာ ထောက်ခံလိုက်ပါတယ်။
ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် အချိန်ဆွဲခံထားရတဲ့ ထိပ်တန်းအရာရှိတချို့ကို ရာထူးတိုးပေးဖို့ အထက်လွှတ်တော် အမတ်တွေက အတည်ပြုခဲ့တာပါ။
သမ္မတ ဂျိုးဘိုင်ဒင်က ဘရောင်းကို ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌအဖြစ် နာမည်စာရင်း တင်သွင်းမှုကို အထက်လွှတ်တော်က ထောက်ခံခဲ့ပါတယ်။
ဘရောင်းဟာ တရုတ်နဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ ပစိဖိတ်ဒေသတွင်း ကွပ်ကဲမှု အတွေ့အကြုံရှိတဲ့ တိုက်လေယာဉ်မှူးဟောင်း တဦးပါ။ ကောလင်းပါဝဲလ် နောက်ပိုင်း နှစ် ၂၀ ကြာပြီးတဲ့နောက် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် ဒုတိယလူမည်းအရာရှိ တဦးလည်း ဖြစ်ပါတယ်။
Source/Photo-Reuters