ထိုင်းနိုင်ငံ၊ နွန်တပ်ဘူရီမြို့မှာ စက်တင်ဘာ ၂၀ ရက်က ယှဥ်ပြိုင်ကစားခဲ့တဲ့ 2023 Toyota Gazoo Racing Thailand Open ၃၂ ဦးအဆင့်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာက ကမ္ဘာ့အဆင့် ၂၀၀ ကျော်တဲ့ အိမ်ရှင် ထိုင်းကြက်တောင်မယ်ကို ၂ ပွဲပြတ်နဲ့ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၄၆ ရှိတဲ့ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၂၇၇ ရှိတဲ့ ထိုင်းကြက်တောင်မယ်ကို ၁၉-၂၁၊ ၁၃-၂၁ တို့နဲ့ ရှုံးနိမ့်ပြီး ၃၂ ဦးအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။
ထိုင်းအိုးပင်းကြက်တောင်ပြိုင်ပွဲဟာ သက်ထားသူဇာအတွက် အခုနှစ်မှာ ၁၇ ကြိမ်မြောက် ပြိုင်ပွဲဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ် ၂ ကြိမ်သာ တက်ရောက်နိုင်ခဲ့ပါတယ်။
၂၀၂၃ ကမ္ဘာဒီးယားဆီးဂိမ်း နှစ်ယောက်တွဲပြိုင်ပွဲမှာ သက်ထားသူဇာ မြန်မာကိုယ်စားပြုပြီး ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။
သက်ထားသူဇာဟာ ပဲရစ်အိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ လိုအပ်တဲ့အမှတ်တွေ ရရှိဖို့ ပြိုင်ပွဲတွေ ဝင်ရောက်ယှဥ်ပြိုင်နေတာလို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
Photo-Thet Htar Thuzar