တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာ ၁၉ ရက်က လူတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြပါတယ်။
ဒေသအများအပြားမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
လေဆင်နှာမောင်း တိုက်ခတ်မှုဟာ အချိန်တိုတောင်းပေမဲ့ အရှိန်က ပြင်းထန်ပါတယ်။ ပြည်နယ်မြောက်ပိုင်းရှိ ဆူချန်းမြို့မှာ တိမ်းမှောက်နေတဲ့ မော်တော်ကားတွေ၊ ပြိုလဲကျနေတဲ့ ဓာတ်အားလိုင်းတွေနဲ့ ဝဲပျံနေတဲ့ အပျက်အစီးတွေက လမ်းမတွေပေါ်မှာ ပြန့်ကျဲနေတာကို လူမှုကွန်ရက်က ဗွီဒီယိုဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ကရိန်းကားကို အသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြရပါတယ်။
သီတင်းပတ်တွေအတွင်း အပျက်အစီးနဲ့ လူအသေအပျောက်များတဲ့ ရာသီဥတုမှာ အခုနောက်ဆုံးဖြစ်ရပ်ဟာ ကျန်းစုအနီးရှိ ပင်လယ်ဝါအနီးအနား ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်မှု သတိပြုကြဖို့ အာဏာပိုင်တွေက ဆော်ဩထားပါတယ်။
Source/Photo-Reuters