Home
နိုင်ငံတကာ
ထိုင်းနိုင်ငံရှိ ဆီသက်ဖ်သမိုင်းဝင်ဥယျာဥ်ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်
DVB
·
September 20, 2023
Si Thep Historical Park
Si Thep Historical Park 2
Si Thep Historical Park 3
Si Thep Historical Park 4
Si Thep Historical Park 5
Si Thep Historical Park 6
Si Thep Historical Park 7
Si Thep Historical Park 1

ထိုင်းနိုင်ငံ၊ ဖက်ချာဘွန်းခရိုင်ရှိ  ဆီသက်ဖ် သမိုင်းဝင်ဥယျာဥ်ကို (Si Thep Historical Park) ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က စက်တင်ဘာ ၁၉ ရက်မှာ သတ်မှတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ကျင်းပနေတဲ့ ၄၅ ကြိမ်မြောက် အစည်းအဝေးမှာ ထိုင်းနိုင်ငံက အမည်စာရင်းတင်းသွင်းထားတဲ့ ဆီသက်ဖ်ဥယာဉ်ကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီက စစ်ဆေးသုံးသပ်ပြီး စာရင်းသွင်းခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ ၇ ခုမြောက် ကမ္ဘာ့အမွေအနှစ်နေရာ ဖြစ်လာခဲ့ပါတယ်။

ဆီသက်ဖ်မြို့ဟာ ခရစ်နှစ် ၃ ရာစုမှ ၅ ရာစုအတွင်း ထိုင်နိုင်ငံအလယ်ပိုင်း လွင်ပြင်ဒေသမှာ ပေါ်ပေါက်ခဲ့တဲ့မြို့ဖြစ်ပြီး ထိုင်းစကားပြောတဲ့ ဆူခိုထိုင်းနဲ့ အယုဒ္ဓယတို့ အင်အားကြီးထွားချိန်မှာ မြို့နေထိုင်သူတွေက မြို့ကို စွန့်ပစ်ခဲ့ရပါတယ်။

ထိုင်းရှေးဟောင်းသုတေသနပညာရှင်တွေက ၁၉၀၄ မှာ ဆီသက်ဖ်မြို့ကို အာရုံစိုက် လေ့လာခဲ့ပြီး ၁၉၃၅ မှာ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံအဖြစ် စာရင်းသွင်းခဲ့ပါတယ်။

အူထိုင်းဌာနရှိ ဘန်ချိုင်း ရှေးဟောင်းအဆောက်အဦကို ယူနက်စကိုက ၁၉၉၂ မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဆူခိုထိုင်းသမိုင်းဝင်ဥယျာဥ်၊ အယုဒ္ဓယ သမိုင်းဝင်ဥယျာဥ်၊ သောင်ကြီး-ဟွိုင်ခခိုင် တောရိုင်းဘေးမဲ့တိရစ္ဆာန် ဘေးမဲ့တော၊ ဒေါ်ဖယိမ်း-ခိုယိုင်း သစ်တောနယ်မြေ၊ ခန်ခရာချန်းသစ်တောနဲ့  အခု ဆီသက်ဖ်သမိုင်းဝင် ဥယာဉ်တို့ကို ​ဆက်လက်ပြီး သတ်မှတ်ပေးခဲ့ပါတယ်။

ယဉ်ကျေးမှု၊ သဘာဝနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ စုစုပေါင်း ၅၃ ခုကို စစ်ဆေးဖို့အတွက် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှ ၂၅ ရက်အထိ ကျင်းပနေပါတယ်။

Photo-Ministry Of Foreign Affairs Of Kingdom Of Thailand

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024